Welcome to Fashion Myanmar

ဒီနေရာမှာ ကြော်ငြာများ ထည့်သွင်းနိုင်ပါသည်

ကြိုဆိုပါ၏ ( Only One )

ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Welcome to Fashion Myanmar

ဖက်ရှင်မြန်မာဘလော့ဂ် မှ နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏

Members

2.11.2012 တွင်အောက်ပါ Visitor Count အားစတင်မှတ်တမ်းတင်သည်

Flag Counter

Friday, May 11, 2012

နွယ်နွယ်ထွန်း



8 Days ဂျာနယ်နှင့် အင်တာဗျူး အား ဘီယာဆိုင် ပရိတ်သတ်များ ဖတ်ရှု့ ရန်လို့ ငှာ တင်ပေးလိုက်ပါ၏ ။ 
ဤ ပို့စ် အား www.delodelo.com မှ ကူးယူဖော်ပြထာုးခြင်းဖြစ်ပါသည်...

ဓာတ်ပုံတစ်ပုံ ကောင်းပြီဆိုရင် စွဲလမ်းမိသူရင်ထဲမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့ရမှာ မဟုတ်နိုင်ပါဘူး။  နွယ်နွယ်ထွန်းကို 8 Days Cover အဖြစ် ကျွန်တော်တို့ အယ်ဒီတာအဖွဲ့က ရွေးချယ်ပြီး ရိုက်ကူးဖို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ၊ ကျွန်တော်နဲ့ ကိုအေးဇော်မိုး ဘယ်လို တင်ဆက်မှုမျိုးနှင့် တင်ဆက်ရမလဲ ဆိုပြီး စဉ်းစား ကြည့်မိပါတယ်။
ကိုအေးဇော်မိုးက သူ့အနေနဲ့ ၁၉၉၅၊ ၉၆ ခုနှစ် ပထမဦးဆုံးအကြိမ် ဓာတ်ပုံဆရာဘဝနှင့် ကျင်လည်ခဲ့ရကတည်းက သူ့ရင်ထဲမှာ အနှစ်သက်ဆုံး ဓာတ်ပုံဆရာရဲ့ ရိုက်ချက်တွေကို အကြိုက်ဆုံးဖြစ်ကြောင်း သူ့ရဲ့ဓာတ်ပုံတွေဟာ ဒေါ်လာ သန်းချီတန်ပြီး ကမ္ဘာကျော်ခဲ့ကြောင်း၊ အဲဒီဓာတ်ပုံဆရာဟာ လူပုံတွေကိုသာ အဓိကထားပြီး ရိုက်ကူးတဲ့ အမေရိကားမှ Photographer Richard Avedon ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများထဲမှ စပါးကြီးမြွေကို လက်ဝတ်တန်ဆာအဖြစ် Photo Model က ဆင်မြန်းထားပြီး Lighting နဲ့ရိုက်ချက်ကို အဓိက ထားထားတဲ့ ဒေါ်လာသန်းချီတန် ဓာတ်ပုံကို ပြန်လည်ခံစားပြီး ရိုက်ကူးချင်ကြောင်း ပြောလာပါတယ်။
ဒါကြောင့် လှပတဲ့စိတ်ကူးကို အကောင်အထည် ဖော်ဖို့အတွက် နွယ်နွယ်ထွန်း အကူအညီနဲ့ စပါးကြီးမြွေကို ရှာယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကတော့ ဓာတ်ပုံကောင်းတစ်ပုံ ရဖို့အတွက် နှလုံးသားနှင့်ရင်းပြီး ကင်မရာခလုတ်ကို နှိပ်ခဲ့ပြီးပါပြီ။ တူညီတဲ့အတွေး ဖြစ်ခဲ့ရင်တောင် ခံစားမှု အနုပညာနှင့် ရင်ခုန်သံစည်းချက်ကတော့ တူညီနိုင်မှာ မဟုတ်တဲ့အတွက် 8 DAYS ပရိသတ်အတွက် သီးသန့် စီစဉ်ပေးရင်း နွယ်နွယ်ထွန်းနဲ့ အမေးအဖြေ ကဏ္ဍလေးကို ဆက်လက်ဖတ်ရှု ကြည့်ရအောင်ပါ။

8 DAYS အတွက် ထူးထူးခြားခြား မြွေနဲ့ ဓာတ်ပုံရိုက်ခဲ့တယ် ဆိုတော့ နွယ်နွယ်ထွန်းရဲ့ စိတ်ခံစားမှုလေးကို အရင်ဆုံး သိချင်ပါတယ်။
သဘောကျတယ်။ 8 DAYS ပရိသတ်ပိုပြီး အမြင်ဆန်းတာပေါ့။ ပုံမှန်မြင်နေကျ ပုံစံထက်စာရင်ပေါ့။ Photographer Richard Avedon ရဲ့ ဓာတ်ပုံကို ပြန်လည်ခံစားပြီး ရိုက်ကူးမှာဆိုတော့ ပိုပြီး စိတ်လှုပ်ရှားသလို၊ မူရင်းဓာတ်ပုံထဲက Model ထက်သာအောင် ကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ အခု ရိုက်ပြီးသွားပြီဆိုတော့ ကျေနပ်တယ်။ မြွေကလည်း အရမ်းလိမ္မာတယ်လေ။ မြွေကိုက်မှာ မကြောက်ဘူး။ ဓာတ်ပုံရိုက်ရင်း မြွေချေး ပါချမှာကိုပဲ ကြောက်ခဲ့တယ်။ (ရယ်လျက်)

TV မှ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ လက်ခံထားတာ ရှိပါသလား။
TV ဇာတ်လမ်းတွဲအတွက် ရိုက်ကူးဖို့ MRTV- 4 ကနေ ကမ်းလှမ်းခဲ့တယ်။ ဒါပေမဲ့ လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် လက်မခံဖြစ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် မယုံသေးလို့ပါ။ ဓာတ်ပုံရိုက်ဖို့အတွက် စိတ်အားထက်သန် ဖြစ်နေတာလည်း ပါတာပေါ့။ Photo ဖက်ကို အောင်မြင်အောင် လုပ်ချင်ပါတယ်။

နွယ်နွယ်ထွန်းအနေနဲ့ ထူးထူးခြားခြား အနုပညာ လှုပ်ရှားမှုမျိုး မတွေ့ရဘဲနဲ့၊ ဘာကြောင့် နာမည်ကြီးနေရပါသလဲ။
သမီးလည်းအဲဒါကို ကိုယ်ကိုယ်တိုင် မသိဘူးဖြစ်နေတယ်။ ကိုယ်က ဇာတ်ကားလည်း မရိုက်ဖူးဘူး။ သူများတွေလိုလည်း ပြိုင်ပွဲတွေ ဝင်မပြိုင်ဖူးဘူးလေ။ ကိုယ့်ဘာသာကိုယ် သီးသန့် Photo Model တစ်ယောက် အနေနဲ့ ရပ်တည်ခဲ့တာပါ။ ထူးထူးခြားခြား အနေနဲ့ လူတွေက ပိုပြီး သတိထားမိတာက ကိုယ့်ရဲ့ အရပ်အမောင်းနဲ့ Style တစ်ခုကြောင့်လို့ ထင်တယ်။ အခုခေတ်က ကိုရီးယား Style လေးတွေ ရိုက်တာများတယ်လေ။ အဲဒီထဲကမှ သမီး Style က ကွဲထွက်နေတာကြောင့်လို့ ထင်မိတယ်။ အဓိကကတော့ လူတွေပိုသိတာက Photo Model ကြောင့်လို့ ထင်မိပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါမှာ ဘယ်လို Style မျိုးကို နှစ်သက်ပါလဲ။
သမီးစိတ်ကြိုက်ဆိုရင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး စတိုင် (လ်) လေးတွေ နှစ်သက်တယ်။ သူများတွေလို ထူးထူးခြားခြား မလုပ်ချင်ဘူး။ သမီးက ကိုယ့်ခန္ဓာကိုယ်လည်း လှစေချင်တယ်။ အဲဒါကြောင့် ကိုယ်ကလည်း Photo ဘက်ကို အားသန်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ရိုက်ပါတယ်။
ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံ တော်တော်များများက Sexy နည်းနည်း ကျတယ်နော်။

ဓာတ်ပုံကတော့ ဘယ်လိုမျိုးပုံစံ ရိုက်ရိုက်ပါ။ ဥပမာ- ကုန်ပစ္စည်းကြော်ငြာ၊ ဓာတ်မြေသြဇာကြော်ငြာ စသည်ဖြင့်ပေါ့။ အဲဒါမျိုးကျရင် Style တစ်မျိုး၊ အရက်ကြော်ငြာကျတော့ Sexy နည်းနည်းကျတဲ့ ပုံစံမျိုး၊ ကိုယ်ရိုက်တဲ့ပုံက ဘာကိုကြော်ငြာတာလဲ အဓိကထားပြီး ကိုယ့်စိတ်ခံစားမှုနဲ့ အဝတ်အစားကို ဦးစားပေးပြီး ရိုက်ဖြစ်ခဲ့ပါတယ်။

နွယ်နွယ်ထွန်းရဲ့ ပထမဦးဆုံး အနုပညာ ခြေလှမ်းကရော
၂၀၀၉ ခုနှစ်မှာ ဆရာဂျွန်လွင်ဆီမှာပဲ Model သင်တန်း တက်ဖြစ်ခဲ့ဖူးတယ်။ ပြိုင်ပွဲတွေဘာတွေ တစ်ခါမှ ဝင်မပြိုင်ဖူးဘဲနဲ့ သင်တန်းတက်နေရင်းကနေ တောက်လျှောက် မဂ္ဂဇင်း ကြော်ငြာတွေအတွက် ဓာတ်ပုံတွေ ရိုက်ဖြစ်နေတာက အခုချိန်ထိပါပဲ။

အစ်မဖြစ်သူ သရုပ်ဆောင် မိုးမြင့်သဇင်ကရော၊ အနုပညာလုပ်ငန်းတွေကို ပါဝင်ကူညီ ဖြစ်သေးလား။
ညီမတို့နှစ်ယောက်က စိတ်နဲ့ခံယူချက်ချင်းက မတူဘူး။ သူက သူ့ဘာသာ အောင်မြင်အောင်လုပ်တယ်။ ကိုယ်ကတော့ ကိုယ်စိတ်ပါတာကိုပဲ လုပ်ဖြစ်တာများတယ်။ သူများတွေဆိုရင်  သမီးတို့နှစ်ယောက်ကို ညီအစ်မတွေမှန်း မသိကြဘူး။ ဝတ်စားဆင်ယင်မှု ခန္ဓာကိုယ် အတိုင်းအတာအရ မတူတော့ သပ်သပ်စီလို့ ထင်ကြတယ်။ တစ်ခါတလေတော့ ညီအစ်မနှစ်ယောက် အနုပညာအလုပ်တွေကို တိုင်တိုင်ပင်ပင် လုပ်ဖြစ်ပါတယ်။

Sponser ဆိုတဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုပေးပါဦး။
ဒါကတော့ ဘယ်သူ့ကိုမှ အပြစ်ပြောလို့ မရပါဘူး။ သိသလောက်ဆိုရင် ချစ်သူဆိုတာ တွေ့နေရတယ်။ အဲဒါကို မဟုတ်တာ လုပ်နေကြတယ်လို့ ပြောလို့မရပါဘူး။ အဲဒီလိုပြောလာတဲ့ သူတွေကိုလည်း သမီးဘာမှ မပြောချင်ဘူး။ အေးဆေးပဲ၊ ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်ထမင်းကိုကိုယ်စား၊ သူများစကားဝိုင်းလည်း ဝင်နားမထောင်ဘူး။ သူများနဲ့လည်း စကားမပြောဘူး။

လူ့အဆင့်အတန်းလိုက် ခွဲခြားထားတဲ့ Night Club တွေ တော်တော်များများ ပေါ်ပေါက်လာတဲ့အခါမှာ မြန်မာ့ယဉ်ကျေးမှုဆိုတာ ရှာလို့တွေ့ပါဦးမလား။
ခေတ်မီတာ ကောင်းပါတယ်။ ဒါပေမဲ့ မြန်မာ့ယဉ်ကျေးမှုကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ Dinner သွားရင် Dinner Dress ဝတ်သလို၊ ဖွင့်ပွဲတစ်ခုသွားရင် ချိတ်ထဘီဝတ်တာပါပဲ။ ယဉ်ကျေးမှုတော့ ပျောက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အိမ်တိုင်းမှာ မြန်မာလူမျိုးဆိုရင် ဘုရားစင်ရှိပါတယ်။ ဘယ်လောက်ပဲဆိုးဆိုး မိဘတွေကို ချစ်ကြပါတယ်။

Show တော်တော်များများမှာ အထူးသဖြင့် ကောင်မလေးတွေရဲ့ လက်တစ်ဖက်မှာ ဘီယာခွက်ကိုင်ရင်း ကောင်လေးတွေနဲ့ အတူကဲနေတာကို အမြဲတမ်း တွေ့ရတတ်ပါတယ်။ အဲဒါကရော ခေတ်မီတယ်လို့ ပြောလို့ရပါသလား။
အဲဒါမျိုးကတော့ ခေတ်မီတိုးတက်တာလို့ ပြောလို့မရဘူး။ လူနေမှု အဆင့်အတန်းမီတာကတော့ ကောင်းပါတယ်။ ဘီယာတို့၊ အရက်တို့ သောက်ခိုင်းနေတာတော့ မဟုတ်ပါဘူး။ အိမ်ထဲမှာ အမြဲတမ်း ထိုင်နေရသူတွေအတွက် အပြင်သွားတဲ့အခါမှာ လွတ်လပ်မှုတစ်ခုကိုရတဲ့ ပုံစံမျိုးပေါ့။

နွယ်နွယ်ထွန်းရဲ့ ခန္ဓာကိုယ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာက ဘယ်နေရာလို့ ထင်ပါသလဲ။
သမီးရဲ့ နှုတ်ခမ်းလေးပါပဲ။ နှုတ်ခမ်းလေးက ထူပြီးထော်တဲ့အတွက် Sexy ကျတယ်လို့ ထင်တယ်။ သဘောကျပါတယ်။ နှုတ်ခမ်းလေးတွေ၊ နှာခေါင်းလေးတွေကို သဘောကျပါတယ်။

နွယ်နွယ်ထွန်းအနေနဲ့ သရုပ်ဆောင်ချင်တဲ့ ကာရိုက်တာနဲ့ ဇာတ်ကားမျိုးရော ရှိပါသလား။
အမှန်အတိုင်းပြောရရင် သူများမလုပ်ချင်တဲ့ မလုပ်ရဲတဲ့ ထူးထူးဆန်းဆန်း အရာတွေ လုပ်ချင်တယ်။ မိန်းမတစ်ယောက် အနေနဲ့ မြင်းစီးတဲ့ ဇာတ်ဝင်ခန်းတွေ၊ fighting ဇာတ်ဝင်ခန်းတွေ အက်ရှင်ဇာတ်ကားမျိုးတွေ ရိုက်ချင်ပါတယ်။ အခုဆိုရင် ဟာသဇာတ်ကားတွေပဲ ရိုက်ကြတာ များတယ်လေ။ အဲဒီထဲမှ ထူးထူးဆန်းဆန်း အနေနဲ့ အက်ရှင်ဇာတ်ကားမျိုး ရိုက်ချင်တဲ့ ထုတ်လုပ်ရေး၊ ဒါရိုက်တာနဲ့တွေ့မှပဲ ရိုက်ဖြစ်မယ်ထင်တယ်။

8 DAYS ပရိသတ်ကို နှုတ်ဆက်ပေးပါဦး။
အနုပညာ လုပ်ငန်းတွေ ထူးထူးခြားခြား အနေနဲ့ မလုပ်ဖြစ်ပေမယ့် ကြိုးစားသွားပါ့မယ်လို့ ပြောချင်ပါတယ်။

No comments:

Post a Comment

Fashion Myanmar Blog မှ လာရောက်လည်ပတ်သူများအားကျေးဇူး အထူးတင်ရှိပါသည် ။ Comment Box တွင် ရိုင်းစိုင်းစွာ ဆဲဆို ရေးသာခြင်း / တစ်စုံတစ်ဦး ထိခိုက်စေနိုင်သော အကြောင်းအရာများ ရေးသားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ။

Note: Only a member of this blog may post a comment.